မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် နည်းပညာအဆိုပြုလွှာ (TP) နှင့် စျေးနှုန်းအဆိုပြုလွှာ (PP) လက်ခံစိစစ်ခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲကျင်းပ

မြန်အောင် မေ 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် နည်းပညာ အဆိုပြုလွှာ (TP)နှင့် စျေးနှုန်းအဆိုပြုလွှာ (PP) လက်ခံစိစစ်ခြင်းအိတ်ဖွင့် တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်တင်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ခရိုင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ကျပ်သန်း (၂၀)မှ ကျပ်သန်း (၂၀၀)ကြား ရေရရှိရေးလုပ်ငန်းများနှင့် ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နည်းပညာအဆိုပြုလွှာ Technical Proposal (TP) ဖွင့်ဖောက်စစ်ဆေးခြင်း၊ Technical Proposal ရမှတ်များကို ကြော်ငြာခြင်းနှင့် စျေးနှုန်းအဆိုပြုလွှာ Price Proposal (PP) ဖွင့်ဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)