ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအဆင့်မြင့်အားကစား သင်တန်းများဖွင့်လှစ်သင်ကြား

ဇလွန် မေ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း အားကစားနည်း  (၅)မျိုးအား ဧပြီလ ၂၅ ရက်နေ့မှစတင်၍  မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းတို့တွင် အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်၊ မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်း‌စေရန် ရည်ရွယ်၍  နွေရာသီအဆင့်မြင့် အားကစားသင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ကရာတေးနှင့် အေရိုးဗစ်သင်တန်းများကို ဧပြီလ ၂၅ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး မေလ ၂၁ ရက်နေ့အထိ မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတွင် အားကစားသင်တန်းများကို အားကစားအမျိုးအစားအလိုက် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)