မော်လိုက် ဧပြီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့တွင် အသက် (၈၅) နှစ်အထက် ပူဇော်ခံအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကန်တော့ခဲ့ကြသည်။
ရှေးဦးစွာ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဘိုးအဘွားပူဇော်ကန်တော့ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက အဘိုးအဘွားများကို ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် အဘိုးအဘွားများကိုယ်စား အဘိုး(၁)ဦးက ဆုံးမဩဝါဒစကားပြောကြားသည်။အဆိုပါအခမ်းအနားတွင် အသက် (၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၁၅) ဦး တက်ရောက်ခဲ့ပြီး မတက်ရောက်နိုင်သော ဘိုးဘွား (၁၈) ဦးထံသို့ တာဝန်ရှိသူများက လိုက်လံ၍ လက်ရောက်ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)