ရန်ကုန် ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ နှစ်ဆန်း (၁) ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဧပြီ ၁၇ ရက်နေ့ ညနေ (၄) နာရီက အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ မြို့နယ်ခန်းမတွင် ကျင်းပသည်။
ထိုသို့ကျင်းပရာ ၁၃၈၆ ခုနှစ်၊ နှစ်ဆန်း (၁) ရက်နေ့တွင် အင်းစိန်မြို့နယ်အတွင်းရှိ အသက် (၉၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၁)ဦးအား (၁)ဦးလျှင် ငွေသားနှင့် ပစ္စည်းတန်ဘိုး (၅ဝဝဝဝ) ကျပ်ခန့်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး (၂၅၅ဝဝဝဝ)ကျပ်၊ (နှစ်ဆယ့်ငါးသိန်း ငါးသောင်းကျပ်) အား အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အင်းစိန်မြို့နယ်အမျိုးသမီးရေးအဖွဲ့/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)