လပွတ္တာ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် နှစ်စဥ်ကျင်းပသည့် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီလ ၁၇ ရက် ညနေ ၅ နာရီအချိန်မှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၈၄)ကျောင်းတွင်ဝါဆိုဆပ်ကပ်တော်မူကြမည့် ပင့်သံဃာအပါး ၈၈၉ ပါး၊သီလရှင် အပါး ၇၀ တို့က လပွတ္တာမြို့သာသနာဗိမာန်မှ စုရပ်ပြုလုပ်ပြီး လပွတ္တာမြို့အတွင်းသို့ စိန်ရတုလမ်း၊ ဘုရားလမ်း၊ လမ်းမတော်လမ်း၊ ကမ်းနားလမ်း၊ သြဘာလမ်း၊ မြို့ပတ်လမ်း
မှနိဗ္ဗာန်လမ်းအတိုင်းကြွချီတော်မူလာရာ လပွတ္တာခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူအပေါင်းတို့မှ မြတ်စွာဘုရာအားအမှူးထား၍ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်အစရှိသည့် လှူဒါန်းဖွယ်ရာများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယမန်နှစ်ကလည်း ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၈၄)ကျောင်းမှ ဝါဆိုဆပ်ကပ်တော်မူကြမည့် ပင့်သံဃာအပါး (၇၈၄) ပါး၊သီလရှင် (၅၃) ပါးတို့ကိုလည်းမြတ်စွာဘုရားအမှူးထား၍ လှူဒါန်းဖွယ်ရာများကိုလည်း စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)