မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဝါးခယ်မမြို့နယ် အကျဉ်းထောင်မှ အကျဥ်သားများ လွတ်ငြိမ်းချမ်းသာခွင့်ပြု

ဝါးခယ်မ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် မင်းလံကစကဲကျေးရွာရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၂၈/၂၀၂၄) အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၁၂၅) ဦးအနက် အောင်မိုးလှိုင် (၃၁) နှစ်၊ (ဘ)ဦးအေးလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဥသျှစ်ပင်မြို့၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး (ရေကြည်မြို့နယ်တရားရုံး၏ ကြီးမှုအမှတ် ၂၁၆/၂၀၂၁၊ သစ်တောအက်ဥပဒေပုဒ်မ ၄၃(က)အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်) ပါအခြားမှုဖြင့် ပြစ်ဒဏ်ကျခံနေသူ (၁၀) ဦးအား စခန်းတာဝန်ခံ ဦးမျိုးကျော်ထူး၊ ရွှေလောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်မောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး တည်ဆဲဥပဒေများအား တိကျစွာလိုက်နာလျက် ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်စားသောက်ရန် မှာကြားကာ ၎င်းတို့၏ ခရီးစရိတ်ငွေ (၆၃,၁၄၀) ကျပ်၊ စားစရိတ်ငွေ (၁၀,၀၀၀) ကျပ်၊ လုပ်အားခငွေ (၉၀၉,၀၀၀)ကျပ်၊ စုစုပေါင်းငွေ(၉၈၂,၁၄၀)ကျပ် ပေးအပ်၍ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)