တပ်ကုန်းမြို့၌ မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့် English Speaking သင်တန်းဖွင့်လှစ်သင်ကြား

တပ်ကုန်း ဧပြီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့်English Speaking သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး၊ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်နန်းရဲနန္ဒာစိုးက သင် တန်းဖွင့်လှစ်သင်ကြားပေးရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတက်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးတို့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင် တန်းနည်းပြများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၀ဦး၊ ကွန်ပျူ တာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၃ဦး၊ ပန်းချီသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀ဦး၊ English Speaking သင်တန်းတွင် ကျောင်းသား၊ကျောင်းသူပေါင်း ၄၀ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလတွင် ဧပြီ ၂၃ရက်မှ မေ ၉ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်