အထက်မင်းလှ ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများမှ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၃၅) လုံးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှက အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက ခောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ခဲ့ရာ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် လင်းကယ်ကျေးရွာမှ လူနေအိမ် (၁၃) လုံး၊ ပေရင်းကျေးရွာမှ လူနေအိမ် (၂) လုံး၊ ညောင်ပင်တဲကျေးရွာမှ လူနေအိမ်(၃)လုံး၊ လက်ခုတ်ပင်ကျေးရွာမှ လူနေအိမ်(၁)လုံး၊ ကျောက်ပန်းတောင်ကျေးရွာမှ လူနေအိမ် (၁၄) လုံး၊ ပျဉ်းပင်စမ်းကျေးရွာမှ လူနေအိမ် (၂) လုံး စုစုပေါင်းလူနေအိမ် (၃၅) လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိတို့က အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၁၈၀၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၃၀၆၆၀ဝိ/) စုစုပေါင်း (၁၄၈၆၆၀ဝိ/)တို့ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)