မော်လမြိုင် ဧပြီ ၂၄
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဟိန်းဇော်နှင့်အဖွဲ့မှ မီးသတ်ဆေးဘူး (၁၄)ဘူးအား အာနိသင်သက်ရောက်မှု ရှိ၊မရှိ စိစစ် စစ်ဆေးပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ၏ အရည်အသွေး စိစစ်ခြင်းနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဟိန်းဇော်က ပြည်နယ်ရုံးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ၊ မီးဘေးအန္တရာယ် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မီးသတ်ဆေးဘူး ထိန်းသိမ်းထားရှိရမည့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး အရာထမ်း/အမှုထမ်း ဝန်ထမ်းစုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများကိုယ်တိုင် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းကို ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)