ပုသိမ် ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူများစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အဆိုပါသင်ကြားနေမှုများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကျေးလက်နေပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများသို့ သွားရောက်၍ စာသင်သားများ၏ သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များ၊ အခက်အခဲများအား မေးမြန်းကာ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)