ရွှေတောင် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၅) လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၂၈)လုံး အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဒုရင်ဒုဘိုအုပ်စု၊ ရွှေပန်းတောကျေးရွာ၊ ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ မြို့မကျေးရွာအုပ်စု၊ နွားမယံကျေးရွာအုပ်စု၊ ဇယ်မကျေးရွာအုပ်စုနှင့် ထန်းကုန်းကျေးရွာအုပ်စုတို့ရှိ ပြိုကျလူနေအိမ်(၅)လုံးနှင့် အမိုးလန်လူနေအိမ်(၂၈)လုံးတို့အား ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၁၇၈၅၇၀၀ိ/-) ကျပ်ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် (၅) လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၆) မျိုးပါ ပုံး(၁)ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)