ပြည်ခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

ပြည် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနများ ပူးပေါင်း၍ ရွှေတောင်မြို့နယ် (ဒုရင်ဒုဘို၊ မြို့မ၊ နွားမယံ၊ ဇယ်မ၊ ထန်းကုန်း) စသည့် ကျေးရွာအုပ်စု (၅) စုမှ ပြိုလဲ နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂၈) လုံးအတွက် (၁၀၄၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၃၃)စုမှ လူဦးရေ (၁၁၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၄၅၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၈၅၇၀၀) ကျပ်နှင့် (၄၆၀၃၆) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်ပုံး (၅) ပုံးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်၊ မင်းရပ်၊ ဝန်လို၊ သရက်လိန်၊ စွယ်တော်၊ နတ်မောက်၊ ရွှေညီနောင်၊ ဒေါင်းမြတ်နားအုပ်စုတို့မှ လေဘေးသင့် ပြိုလဲအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃) သိန်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးဖြင့် အိမ်ထောင်စု(၃)စုစာ၊ အမိုးလန်အိမ်ခြေ(၁၁၅)လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း ၂ကျောင်းအတွက် အိမ်/ ကျောင်း​ဆောက် ပစ္စည်းဖိုး ၅၁၄၄၀၀၀ ကျပ်၊ လူဦးရေ (၄၀၃) ဦးအတွက် ဆန်ရိက္ခာဖိုး ၈၄၆၃၀၀ ကျပ်၊ စုစုပေါင်း ၆၂၉၀၃၀၀/- ကျပ်အား ပြည်ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်၍ ကော်မတီဝင်များမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစိုး