ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ လပြည့်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ

ညောင်ဦး  ဧပြီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်း အစဉ်အလာမပျက် အရုဏ်ဆွမ်းလောင်းလှူခြင်းကို တန်ခူးလပြည့် ယမန်နေ့ နံနက် ၇ နာရီအချိန်က အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းဦးဆောင်ကာ ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ကြက်သားကြော်၊ ငရုတ်သီးကြော်၊ ချဉ်ပေါင် ရွက်ချဉ်ရည်ဟင်းများကို ဇေယျဝတီစာသင် တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်အရှင်သူ မြတ်တို့အား လပြည့်နေ့နံနက်တိုင်း အစဉ်လာမပျက် အရုဏ်ဆွမ်းလောင်းလှူခဲ့ရာ ယနေ့တန်ခူးလပြည့်နေ့တွင်လည်း အရုဏ်ဆွမ်း (၃၂)ကြိမ်မြောက် လောင်းလှူခဲ့ပြီဖြစ်ကြောင်း သံဃာအပါး(၈၀)တို့ အားပုံမှန်လောင်းလှူခဲ့ပြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

ဒီပါလင်း