၂၀၂၄ ခုနှစ် မွန်ပြည်နယ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် ဧပြီ ၂၄

မွန်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ပညာရေးဌာနနှင့် ပြည်နယ်အားကစား ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနေသလို သင်တန်းများဖွင့်လှစ်ခြင်း ၊ သင်တန်းများစေလွှတ်ခြင်းနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကိုလည်း မပျက်မကွက် ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး မွန်ပြည်နယ်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း မျိုးဆက်သစ်လူငယ်များကိုလည်း ဗလ(၅)တန်နဲ့ ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍက ပါဝင်နေကြောင်း နွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးစေရန် အားကစားနည်းများကို အခြေခံကျကျနားလည်ပြီး လေ့လာ လိုက်စားလာစေရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမား ပေါ်ထွက်လာစေရန်၊ နိုင်ငံ့ကိုယ်စားပြု အားကစား သမားများ ပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း ယခုဖွင့်လှစ်တဲ့သင်တန်းမှာ အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများ အားကစားကို စိတ်ပါဝင်စားစွာ တက်ရောက်တာ တွေ့ရတဲ့အတွက် အားရဝမ်းမြောက်မိပါကြောင်း၊ ယနေ့ခေတ်လူငယ်တွေဟာ အားကစားနဲ့ ကင်းကွာနေလို့ စာရိတ္တ မဏ္ဍိုင်ယိုင်နဲ့နေတာ အားလုံးအသိဘဲ ဖြစ်ပါတယ် ၊ နိုင်ငံ၏ အနာဂတ် ခေါင်းဆောင်များဟာ ယနေ့လူငယ်များဖြစ်သော ကျောင်းသား/ကျောင်းသူ ဖြစ်သည့်အတွက် လူငယ်/လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစားလှုပ်ရှားမှုများမှာ ပါဝင်ကြရမှာဖြစ်ပါကြောင်း အားကစားဟာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးအောင် ပိုမိုကြံ့ခိုင်အောင် လေ့ကျင့်ပေးတဲ့ အစိတ်အပိုင်းလည်းဖြစ်ပါတယ် ၊ ဒီသင်တန်း တက်ရောက်တဲ့အတွက် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့်အတူ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်မှု ညီညွတ်မှုတွေဟာ အားကစားရဲ့ အကျိုးကျေးဇူးတွေဘဲလို့ ဆိုရမှာဖြစ်ပါတယ်၊ အားကစားသမားများတွေ ပေါ်ထွက်လာမှာဖြစ်သလို မွန်ပြည်နယ်ရဲ့ယခုလို နွေရာသီအဆင့်မြင့် အားကစားသင်တန်းကနေ အားကစားရဲ့ အခြေခံကောင်းတွေရရှိပြီး နိုင်ငံတော်အတွက် အားထားရတဲ့ မျိုးဆက်သစ် အားကစားအဆင့်အတန်းဟာ ထွန်းတောက်လာမှာဖြစ်ပြီး နိုင်ငံတော်အတွက် အားထားရမယ့် အားကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ ပြည်နယ်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အားကစား စိတ်ဓာတ်ကို လူမှုအဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်တွေမှာ လက်တွေ့ အသုံးချမယ်ဆိုရင် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်း စေမှာဖြစ်ပါတယ် ၊ အားကစားဟာ နိုင်ငံရဲ့ ပုံရိပ်ဆိုတာ အားလုံးသိစေချင်ပါတယ် ၊ ယနေ့ကမ္ဘာမှာ အားကစားအောင်မြင်မှုရရှိတဲ့ နိုင်ငံတိုင်းဟာ ချမ်းသာကြွယ်ဝပြီး တိုးတက်နေတဲ့ နိုင်ငံတွေ ဖြစ်တယ်၊ ဒါကြောင့်အားကစားကို အသက်အရွယ်မရွေး ပါဝင်လှုပ်ရှားပြီး ထူးချွန်တဲ့ အားကစားသမားကောင်းများ ဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာနဲ့ စွမ်းစွမ်းတမံ ကြိုးစားကြပါ၊ အားကစားနဲ့ မွန်ပြည်နယ် ဂုဏ် ၊ နိုင်ငံ့ဂုဏ်ဆောင်သူများ ဖြစ်လာအောင် ကြိုးစားသင်ယူ လေ့ကျင့်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထိုနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က သင်တန်း အထောက်အကူပြုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။

မွန်ပြည်နယ်အတွင်း နွေရာသီ အခြေခံအားကစားသင်တန်းကို ဖေဖော်ဝါရီလ  (၂၃)ရက်နေ့မှ မတ်လ (၁၄)ရက်နေ့ထိ ဖွင့်လှစ်‌ပေးခဲ့ပြီး ယခုထပ်မံ၍ နွေရာသီ အဆင့်မြင့် သင်တန်းကို ဧပြီလ (၂၂) ရက်နေ့မှ မေလ(၇)ရက်နေ့ထိ အားကစားနည်း(၇)မျိုးကို ဆက်လက် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အားကစားနည်းအလိုက် မွန်ပြည်နယ်အဆင့် နွေရာသီ အဆင့်မြင့်အားကစားသင်တန်းကို ဧပြီလ (၂၂) ရက်နေ့မှ မေလ (၇) ရက်နေ့အထိ အားကစားနည်းအလိုက် စုစုပေါင်း သင်တန်းသား/သူ (၃၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)