ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အင်္ဂလိပ်စာအခြေခံသင်တန်း(အခမဲ့) ဖွင့်လှစ်

ဒဂုံ ဧပြီ ၂၄

နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူလေးများအား အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အခြေခံအင်္ဂလိပ်စာ သင်ကြားခြင်းဖြင့် အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်ပြီး ကျောင်းသင်ခန်းစာများတွင်လည်း အထောက်အကူပြုစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက် (၁၀) နာရီမှ စတင်၍ အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သင်တန်းဆရာ ဦးလှသိန်းက သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ နံနက် ၁၀ နာရီမှ (၁၂)နာရီထိ သင်ကြားပေးမည်ဖြစ်ကာ (၂၃-၄-၂၀၂၄)ရက်နေ့မှ (၁၇-၅-၂၀၂၄)ထိ (၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုးခိုင်(ပြန်/ဆက်)