ပြည်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ပြည် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် (၂၁) ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၃၀) ဦးခန့်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်ခရိုင်ပြည်သူ့‌ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးဦးဆောင်သော အရိုးအကြောအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၃၀) ဦးကို သွေးပေါင်ချိန်ပေးခြင်း၊ ‌ဆီးချို/သွေးချိုစစ်ဆေးပေးခြင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

ယင်းဆောင်ရွက်မှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်း​အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား   စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော ပြည်ခရိုင်ဆန်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည် (၃၀၀၀)ကျပ်နှုန်းနှင့် စားသုံးဆီ တစ်ပိဿာ (၆၂၀၀) ကျပ်နှုန်းဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများကို စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)