ညောင်ဦး ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အတွင်းရေးမှူး ဦးငြိမ်းချမ်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (ကဏ္ဍအလိုက်)ဒေ သန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပြီးနောက် ညောင်ဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အတွင်းရေးမှူး ဦးငြိမ်းချမ်းတို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရှေးဟောင်းသုတေသနကဏ္ဍ၊ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုကဏ္ဍ၊ (ဆည်မြောင်း)၊ (ရေအရင်း အမြစ်)၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး၊ လမ်းဦးစီး၊ အခြေခံပညာ၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာကဏ္ဍာများအတွက် ပေးအပ်ရာ ကျောက်ပန်းတောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ခရိုင်/မြို့နယ် သက်ဆိုင်ရာဌာနဆိုင်ရာများက လက်ခံရယူကြကြောင်းသိရပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်းသိရသည်။
ဒီပါလင်း