မိုင်းဆတ်မြို့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Apr 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်း ၆ နာရီ ၂၀ မိနစ် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။