ရမည်းသင်း ဧပြီ ၂၄
မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy Life Style) အကြောင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းကို ဧပြီ ၂၂ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်၊ မိခင်ကလေး/အာဟာရ/ကျောင်းကျန်းမာ ဦးစီအရာရှိ ဒေါ်အိအိချို၊ သတင်းအချက်အလက် စီမံကိန်း ဦးစီးအရာရှိ ဒေါ်စပါယ်နှင့် လက်ထောက်ကျန်းမာရေးမှူး ဦးဇော်လင်း တို့မှ ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဟိန်းကိုယ်ပိုင် အထက်တန်းကျောင်းနှင့် ဝံသပါလ မိဘမဲ့ကျောင်းတို့တွင် နေရာ(၃)ခုခွဲ၍ လူငယ်အုပ်စု(၃)စုခွဲကာ လူငယ်ဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy Life Style) အကြောင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့် သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ရမည်းသင်းမြို့နယ်၌ လူငယ်ဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး (Healthy Life Style) အကြောင်း ကျန်းမာရေး အသိပညာပေးခြင်းနှင့်သင်တန်းကို ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၌ အသက်(၁၅)နှစ်အထက် လူငယ်(၅၀)ကိုလည်းကောင်း၊ ဟိန်းကိုယ်ပိုင် အထက်တန်းကျောင်းတွင် အသက် (၁၃)နှစ်မှ ၁၅ နှစ်အထိ လူငယ်(၅၀)ကိုလည်းကောင်း၊ ဝံသပါလ မိဘမဲ့ကျောင်း၌ အသက် ၆ နှစ်မှ (၁၃)နှစ်ထိ လူငယ်(၅၀)ကို လည်းကောင်း တစ်ရက် ၂ နာရီ၊ တစ်ပတ် (၅)ရက်၊ ဧပြီ ၂၂ ရက်မှ မတ် ၂၁ ရက်နေ့ထိ(၄ )ပတ်ကြား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)