မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌  ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မဟာအောင်မြေ ဧပြီ  ၂၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌ ကလေးငယ်များဉာဏ်ရည် ထက်မြက်စေရန် ယ​နေ့နံနက်ပိုင်းက ကဗျာရွတ်ပြိုင်ပွဲ၊ ဆေး​ရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများ နွေရာသီကျောင်းပိတ်ရက်ဖြစ်သည့်အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်၊ လုပ်ငန်းလုပ်ဆောင်ရာတွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ် စေရန်၊ အများရှေ့တွင်ရဲဝံ့စွာပြောဆိုတတ်စေရန် ရည်ရွယ်၍ လစဥ်၊ လတိုင်း ကလေးစာဖတ်ခန်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရပြီး ကလေးငယ်များမှ ဉာဏစွမ်းရည်ပြိုင်ပွဲအား စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဒုတိယ ဦးစီးမှူး ဦးညီဝင်းသူက ဆုများချီးမြှင့်ပေးခဲ့သည်။

အောင်ဇော်မင်း