လှိုင်းဘွဲမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ (၃) လစာ ထောက်ပံ့ပေး

လှိုင်းဘွဲ ဧပြီ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ယာယီပြောင်းရွှေ့နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ   ထောက်ပံ့ပေးအပ်သော  ဆန်အိတ်များကို ယမန်နေ့က ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသသို့ ဖာပွန်မြို့နယ်မှ ယယာယီနေရပ်စွန့်ခွာလာကြသော အိမ်ထောင်စုများနှင့် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့သို့ ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်များမှယာယီနေရပ်စွန့်ခွာနေကြရပြီး ဆွေမျိုးများအိမ်၌ ပြောင်းရွှေ့နေထိုင်ကြရသည့် အိမ်ထောင်စုပေါင်း (၁၅၃၉)စု၊ လူဦးရေ ကျား(၃၃၄၆)ဦး၊ မ(၃၅၁၁)ဦး၊ စုစုပေါင်းလူဦးရေ (၆၈၅၇)ဦး တို့အတွက်  တစ်ဦးလျှင်ဆန်ရိက္ခာ (၃)လစာနှုန်းဖြင့် ဆန်အိတ်(၆၄၂၈)အိတ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ကူညီထောက်ပံ့ပေးခဲ့သည့် ဆန်အိတ်များကို ယာယီနေရပ်စွန့်ခွာသူများထံ လက်ဝယ်အရောက် ရရှိစေရေးတို့အတွက် လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကြီးကြပ်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)