မိုင်းဆတ် ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်း ၆ နာရီ ၂၀ မိနစ် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဟိုနားကျေးရွာနှင့် နားယန်းကျေးရွာ အမှတ်(၁)နှင့် အမှတ်(၂)ရှိ အမိုးလန်နေအိမ်(၇၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးအား အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇင်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်သဲစုပိုင်(ပြန်/ဆက်)