မိုင်းတုံမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု "အ"သုံးလုံး သင်ကြားနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေး
Apr 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အ.ထ.က နားကောင်းမူး စာသင်ကျောင်းတွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု "အ"သုံးလုံး သင်ကြားနေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေ နားကောင်းမူး အ.ထ.က ကျောင်းအုပ်ကြီး ဦးသိန်းနိုင်၊ မိုင်းဟန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းပီးနှင့် ဆရာဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။