ဝမ်းတွင်း ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ မီးဘေးကြောင့် လုံးဝပျက်စီးသွားသော နေအိမ်(၁)လုံးအတွက် အိမ်ပိုင်ရှင်အား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဦးစီးဌာနအနေဖြင့် ဝမ်းတွင်းမြို့ အမှတ်(၁) ရပ်ကွက်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၄၂၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တန်ဖိုး (၄၆၀၃၆)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၀၂၃၆) ကျပ်အား တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)