သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့နှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေး
Apr 27,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနိုများနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
သထုံမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း ဖွင့်လှစ်သင်ကြားပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး
Apr 27,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးအတွက် စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ စာသင်ဝိုင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့မှ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Apr 27,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
Apr 27,2024
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
မုံရွာတက္ကသိုလ်၌ အမှုထမ်းသစ်များအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်
Apr 27,2024
မုံရွာတက္ကသိုလ်အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ ခန့်အပ်အမှုထမ်းသစ်များအား လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန်နှင့် လုပ်ငန်းဆောင်းရွက်ချက်များ လျင်မြန်သွက်လက်လွယ်ကူစေရန် ရည်ရွယ်ပြီး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
သထုံခရိုင်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Apr 27,2024
မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Apr 27,2024
မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မုဒုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ
Apr 27,2024
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (RBF)၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းနှင့် ဆိုလာရေတင်လုပ်ငန်းများ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်သည်။