ပြင်ဦးလွင်မြို့တွင် အသစ်ထပ်မံဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း(ပြင်ဦးလွင်)နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပြင်ဦးလွင် ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အသစ်ထပ်မံဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု-စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (ပြင်ဦးလွင်)နှင့် စပ်လျဉ်း၍  သင်ကြား/ သင်ယူမှု     အခြေအနေများ၊ အထောက်အပံ့ပေးအပ်နိုင်မည့် အခြေအနေများ  ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ၄ ရက်နေ့က  အစိုးရမှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်မှ လက်ရှိဖွင့်လှစ်ထားရှိသည့် အခြေခံပညာနှင့် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်းများ အပါအဝင် ဆက်လက်ဖွင့်လှစ်သွားမည့် ကျောင်းများ၏ သတ်မှတ်ချက်မူများ၊ သင်ရိုးညွှန်းတမ်းများ၊ ဘာသာရပ်များ၊ အခွင့်အလမ်းများကို ရှင်းလင်းပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းသည်။

ထို့နောက် တာဝန်ရှိသူများသည် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသနေမှုများကို လှည့်လည်ကြည့်ရှုပြီး ဆွေးနွေးပွဲကိုအောင်မြင်စွာရုပ်သိမ်းသည်။ အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) မှ ဆရာ/ ဆရာမများ၊ အခြေခံပညာမှ ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြူလူသစ် (ပြန်/ဆက်)