မြစ်သားမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လာသည့် မိသားစုများ အပိုဝင်ငွေတိုးပွား

မြစ်သား ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ  ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုများ အပိုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

ဆိတ်ပေါက်မွေးမြူရေးလုပ်ငန်းသည် အဓိကကျတဲ့ ကျွေးမွေးစရိတ် (အစာဖိုး) သက်သာလာသည့် အတွက် သဘာဝအလျောက် လွတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် ဆိတ်မွေးမြူရာတွင်လည်း ခြံဝန်းများခတ်၍ စနစ်တကျမွေးမြူနိုင်ပြီး တစ်နှစ်လျှင် အနည်းဆုံးနှစ်ကောင် သားပေါက်လေ့ရှိပြီး အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ဖွားလေ့ရှိကြောင်း ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်ပြီး မိသားစုဝင် ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာသည်မှာ ()နှစ်ရှိကြောင်း ၊ ဆိတ်မွေးမြူရေးလုပ်ငန်းက ရာသီဥတုအပေါ်မူတည်ပြီး ဆိတ်ခြံတွေကို ပြောင်းရွှေလုပ်ကိုင် ရကြောင်း၊ ဆိတ်များအား အစာရေစာပေါများတဲ့နေရာတွေကို လွှတ်ကျောင်းနိုင်ကြောင်း သိရှိရပြီး ယခုလက်ရှိ ဆိတ်မွေးမြူရေးဈေးကွက်မှာ ရောင်းတန်းဝင် မဒါန်းဆိတ်တစ်ကောင်ကို ငွေကျပ် () သိန်းနှစ်သောင်းဖြင့် ရောင်းချရကြောင်း ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလှိုင်ထံမှ သိရသည်။

ကျေးလက်နေတောင်သူများအတွက် ဆိတ်ချေးများကို စွန့်ပစ်ရန်မလိုပဲ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများက လှည်းတစ်စီးလျှင်ငွေကျပ် ( ၂၆၀၀၀ိ/ ) နှုန်းရောင်းချရပြီး  အပိုဝင်ငွေလည်းရရှိကြောင်း ၊ မြစ်သားမြိုပေါ်ရပ်ကွက်များနှင့် တစ်ချို့ကျေးရွာများတွင်လည်း ဆိတ်မွေးမြူရေးကို တစ်ပိုင်တစ်နိုင်မွေးမြူကြပြီး မိသားစုများ အပိုဝင်ငွေ တိုးပွားလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)