မြို့သစ် ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်တစ် အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးဦးဝေလင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွား စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး စနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများ အားစနစ်တကျ စွန့်ပစ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကတ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားရေး တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)