မိုင်းယောင်းမြို့တွင် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးအဖွဲ့၊ စာရင်းကောက်ယူရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း ဧပြီ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးအဖွဲ့နှင့် စာရင်းကောက်ယူရေးအဖွဲ့တို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူးဇော်မင်းဆွေက အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်က အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးအဖွဲ့နှင့် စာရင်းကောက်ယူရေးအဖွဲ့တို့၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူးဇော်မင်းဆွေခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ စာရင်းကောက်ယူရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)