နမ့်စန် (တ) ဧပြီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း ၊ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း၊ ပလတ်စတစ်၏ ဆိုးကျိုးများ၊ ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်လျှော့ချသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၄၈) ဦးခန့် တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)