အုတ်ဖို ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီက လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်လဲ့လဲ့ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်များများ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိစာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အသိပညာပေးဟောပြောသည်။ ထို့နောက် ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)