အုတ်ဖိုမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

အုတ်ဖို ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ရွာကော်မတီဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် သက်တော် (၁ဝဝ) ပြည့် ထောက်ကြံ့ကွင်းဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများစုပေါင်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)