ဖရူဆို ဇူလိုင် ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးဌာနမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ဖရူဆိုမြို့အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ခ-မ-ရ (၄၂၈) တွင် ဖွင့်လှစ်ထားသော အခြေခံပညာကျောင်များမှ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး ဖရူဆိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဂျွန်စံနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)