သတင်းများ

ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Aug 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ရွှေဘိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ ကော့သောင်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ကျင်းပ
Aug 26,2025
၂ဝ၂၅ ခုနှစ် ကော့သောင်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ ရန်ကြီးအောင်မြို့မ ဘောလုံးအားကစားကွင်းတွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်နှင့်ဌာနဆိုင်ရာများ   တက်ရောက်သည်။
မြောင်းမြမြို့တွင် (၂၆) ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြန်မာ့ရိုးရာယဥ်ကျေးမှုကို ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ (၂၆) ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က အ.ထ.က (၁) ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်
Aug 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူငယ့်အားမာန်သင်တန်း‌ကျောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
သံဖြူဇရပ်မြို့နယ်၌ နယ်​မြေတည်ငြိမ်​အေးချမ်း​ရေးနှင့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းကွင်းဆင်း​ဆောင်ရွက်
Aug 26,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက ကျိုက္ခမီမြို့၊ နှစ်ကိုင်းကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဖြူဇရပ်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးနှင့် ကျိုက္ခမီမြို့လျှပ်စစ်ဌာနမှတာဝန်ခံများ၊ နှစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြသည်။
ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်း အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 26,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအစမ်းလေ့ကျင့်မှုကို ဩဂုတ် ၂၄ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်ရုံး၌ ဆောင်ရွက်သည်။
အောင်မြေသာစံမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာအသက်(၁၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြင့်
Aug 26,2025
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၆ရက် နံနက် ၈ နာရီက  ၈၁လမ်း၊၂၃/၂၄လမ်းကြားရှိ အမှတ်(၂၁)အခြေခံပညာ မူလတန်းကျောင်း အားကစားပြိုင်ကွင်း၌ ပြုလုပ်သည်။