ကျောက်ကြီး မေလ ၁၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် မြို့မစျေးတို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ရောက်ရှိနိုင်ရေး အသိပညာပေးဒုတိယနေ့အဖြစ်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူးရုံးကထုတ်ဝေသည့် ကျောင်းအပ်နှံရေးနှိုးဆော် လက်ကမ်းစာစောင်ဖြန့်ဝေးပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ဌာနပိုင်သုံးဘီးမော်တော်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာအုပ်စုများကိုလှည့်လည်ပြီး အသိပေးနှိုးဆော်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)