မအူပင်မြို့နယ်၊ လေးအိမ်စုရဲကင်းစခန်းအပိုင်အတွင်း မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စု ရဲကင်းစခန်းအပိုင်အတွင်း မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့မွန်းလွဲ (၁)နာရီက ထနီးကျေးရွာရှိ ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးယာယီဒုတိယရဲမှူးကြီးဝင်းဇော်မှ မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီ ရဲမှူးခင်မောင်ညွန့်မှ ၂၀၂၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု၊ မုဒိမ်းမှုအကြောင်းအရာများနှင့် ကျခံရသည့်ပြစ်မှု၊ ပြစ်ဒဏ်များအားလည်းကောင်း၊ မြို့မရဲစခန်းမှူးဒုတိယရဲမှူးမင်းမြတ်စောဝင်းမှ အွန်လိုင်းငွေကြေးလိမ်လည်မှု ကိစ္စရပ်များအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ဆက်လက်၍ အမှတ်(၈၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုဒုတိယရဲမှူးမိုးမြင့်ကိုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား ရှင်းလင်းဟောပြောပြီး မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု ပ‌ပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် မအူပင်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သည့် ကမ်းနားလမ်း ကျောက်တိုင်ကွင်းရှေ့၊ ရေလဲလမ်းနှင့် မြို့ရှောင်လမ်းထိပ်တို့တွင် မအူပင်မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်၍ ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံပြေးများ၏ ဗီနိုင်းပိုစတာဆိုင်းဘုတ်များအား ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများမှ စိုက်ထူခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးဝင်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီ ရဲမှူးခင်မောင်ညွန့်၊ မြို့မရဲစခန်းမှူးဒုတိယရဲမှူးမင်းမြတ်စောဝင်း၊ အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူးမိုးမြင့်ကို၊ လေးအိမ်စုရဲကင်းစခန်းမှူး ဒုရဲအုပ်နိုင်မင်းသန်း၊ ထနီး နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးချမ်းမြေ့ရာဇာ၊ ထနီးအုပ်ချုပ်ရေးမှူး ဦးစိုးညိမ်းနှင့် ဒေသခံပြည်သူ ၂၁၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)