ဒိုက်ဦးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးနှိုးဆော်

ဒိုက်ဦး မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ၊ မိဘပြည်သူများမှ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြရန်နှင့် ကျောင်းနေအရွယ်ကလေးများအားလုံးကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ စတင်၍ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်စေရန် မြို့တွင်းရှိ လူစည်ကားသည့်နေရာများတွင် အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

 စိုးထက်ကျော် (ပြန်/ဆက်)