လှိုင်သာယာ(အနောက်) မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၁၈ ရက် နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့်ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလျာထားချက်လုပ်ငန်းများတွင်ပါဝင်သည့် မြို့နယ်စည်ပင်၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ၂၀၂၆-၂၀၂၇ ဘဏ္ဏာရေးနှစ် ဒေသန္တရစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်လင်းထက်မှ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒေသန္တရလုပ်ငန်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများအား တာဝန်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်