ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများအား အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

လွိုင်ကော် မေ ၁၉

ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်သူ့အတွက် ပထမရက်(၁၀၀)စီမံချက်ဖြင့် အခြေခံမွေးမြူရေးသင်တန်းကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီကကျင်းပရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းမျာနှင့် မွေးမြူရေးလုပ်ကိုင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာဌေးဇော်ဦးက ကယားပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူ့အတွက် ပထမရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ဖရူဆိုမြို့နယ်ဦးစီးမှူး ဒေါက်တာစောသေးရယ်က သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများက ဖရူဆိုမြို့နယ်မှ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၂၀ ဦးကို ဝက်မွေးမြူရေးနှင့် ဒေသကြက်မွေးမြူထုတ်လုပ်မှုအကြောင်းအရာများကို စာတွေ့၊ လက်တွေ့သင်ကြားဆွေးနွေးပြီး သင်တန်းကာလမှာ မေလ ၁၉ ရက်မှ ၂၀ ရက်အထိ နှစ်ရက်ဖြစ်ကြောင်း သိရသည်။

မေစု (ပြန်/ဆက်)