မော်လမြိုင်ခရိုင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မော်လမြိုင် မေ ၁၉

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မေလ ၁၇ ရက်‌နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထို့သို့ဖြန့်ဝေရာတွင် မော်လမြိုင်ခရိုင် ပညာရေးမှူး  ဒေါက်တာဒေါ်ခင်သူဇာ ဦးဆောင်၍ မော်လမြိုင်မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” လက်ကမ်းစာစောင်များကို မြို့တွင်းဈေးများ၊ လမ်းဆုံ၊ လမ်းခွများနှင့် ရပ်ကွက်အလိုက် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)