နွားထိုးကြီး မေ ၁၉
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် လုံခြုံအေးချမ်းစွာပညာသင်ကြားနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ မိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူများကို မေ ၂၅ ရက်မှ ၃၁ ရက်အတွင်း ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင့်လွင်ဦး(ပြန်/ဆက်)