ကန်ကြီးထောင့် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ မြို့ထိပ်တွင် *WELCOME TO KANGYIDAUNT* ဆိုင်းဘုတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်နှင့် အဖွဲ့က တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့မိမြို့ဖ ၁ ဦးတို့က အဆိုပါဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်လာသော အကြီးအကဲများက ဆိုင်းဘုတ်အား အမွှေးနံ့သာရည် တို့ဖြင့် ပတ်ဖြန်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ဘင်ခရာနှင့် ပန်းပွားအက တီးမှုတ်ကပြနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)