ဖားကန့် ဇူလိုင် ၂၃
ကချင်ပြည်နယ် ဖားကန့်မြို့ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကျန်ရှိနေခဲ့သည့် အမှိုက်များနှင့်ရွှံ့နွံများအား စုပေါင်းသန့်ရှင်းရေးနှင့် ရေတွင်းရေကန်များသို့ ကလိုရင်း ဆေးခပ်ခြင်းကို ဇူလိုင်လ ၂၂ရက် နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များ၌ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြီးရေ လျှံဖြစ်ပွားခဲ့သည့်နေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မော်ဝမ်းရပ်ကွက်၊ မော်ဝမ်း ချောင်းရေကြီးရေလျံမှုဖြစ်ပွားလာပါက လျော့နည်းလာစေရန်ရည်ရွယ်၍ ဘက်ဟိုးယာဉ်များဖြင့် ချောင်းရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်ရည်ရွယ်၍ ရေတွင်းရေကန်များတွင် ကလိုရင်းဆေးများ ဆေးခတ်နေမှုတို့ကို သွား ရောက်ကြည့်ရှုကာ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖားကန့်မြို့ ပေါ်ရပ်ကွက်များတွင် ဥရုချောင်းရေကြီးရေလျံမှုဖြစ်ပွားပြီးနောက် ကျန်ရှိခဲ့သည် ရွှံ့နွံများ၊ အမှိုက်များ၊ ရေစီးနှင့်အတူ မျောပါလာသည့်သစ်ကိုင်းများကို ဖယ်ရှားခြင်း များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၃) ခြေလျင်တပ်မဟာ မှတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် သန့်ရှင်းရေးဆောင်ရွက်သည့် စက်ယန္တရားများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)