သတင်းများ

မော်လမြိုင်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
Sep 23,2025
၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူ ဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အောင်မြင်စွာ ကျင်းပပြလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 23,2025
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း‌ဆွေးနွေးပွဲကို စပ်တင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Sep 23,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာ​ရေးဌာနတို့ပူးပေါင်း၍ စာ​ဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ ​သု​တေသီ-​ဇေယျာမြင့်ထွန်း ရေးသားသည့် “အမျိုးကောင်းသား သား​ကောင်းရတနာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် အားမာန်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Sep 23,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အားမာန်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ဖတ်ရှိန်မြှင့်တင်ရေးနှင့်အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မုဒုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
Sep 23,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့လှကျေးရွာရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Sep 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်‌၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်‌စွာ အောင်မြင်ခဲ့ကြသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ‌ကျောင်းတွင် ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် အခြေခံကျောင်းများသို့ကွင်းဆင်း၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးများထိုးနှံ
Sep 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက်(၉)နာရီ၌ စတင်ကွင်းဆင်း၍ ကျောင်းသား/သူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
မိုင်းယောင်းမြို့၌ လူငယ်စကားဝိုင်း ပြုလုပ်
Sep 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ အ.လ.က-ခွဲ(ဝမ်ကောင်း)၌ ယနေ့နံနက် ၉ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။