မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ပထမနေ့ မျက်စိဝေဒနာရှင် ၇၄၆ ဦးအား အခမဲ့ စစ်ဆေးကုသပေး
Aug 30,2025
သဲဖြူဆရာတော်ကြီးဦးဆောင်မှု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မုံရွာမြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ ပထမနေ့မှစတင်၍ (၂.၉.၂၀၂၅) ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပင်စင်စားဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှ သတ်မှတ်သည့် ရက်အလိုက် လာရောက်ပြသဆောင်ရွက်လျက်ရှိသည်။