သတင်းများ

ငါန်းဇွန်မြို့၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 23,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်  အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင်   စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့‌နံနက် (၉) နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ချမ်းမြသာစည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ပေါင်မြို့နယ်၌ ဥစားပိန်းများစျေးကောင်းရရှိ၍ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး
Sep 23,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်းစိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
သန်လျင်မြို့ ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပွဲကျင်းပ
Sep 23,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများ တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့ပေါ်ရှိ ဆန်ဂိုထောင်များနှင့် ဆန်စျေးဆိုင်ကြီးများအား စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 23,2025
မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ဆန်ဂိုထောင်များနှင့် ဆန်စျေးဆိုင်ကြီးများတွင်စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Sep 23,2025
ကျိုက်မရောမြို့နယ်ရှိ သမိုင်းဝင်ဆုတောင်းပြည့်ဘုရားကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် အဘိဓမ္မာ ၇ ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို စက်တင်ဘာ  ၂၁ ရက်နေ့ ညနေ ၅ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက္ခမီမြို့ ဆု​တောင်းပြည့်ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီး စည်ကားသိုက်မြိုက်စွာကျင်းပမည်
Sep 23,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲ​တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ သာသနာ့ဗိမာန်​တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။