ကြို့ပင်ကောက်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကြို့ပင်ကောက် ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး ဒေသတွင်းရာသီဥတုပြောင်းလဲမှုအားထိန်းညှိပြီး အပူချိန်လျှော့ချနိုင်ရေး သစ်တောပြုန်းတီမှုမဖြစ်ပေါ်စေရေးနှင့် သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပျိုးပင်အမြင့် ၂ ပေနှင့်အထက် ပျိုးပင်များဖြစ်သော ကျွန်း(၇၀)ပင်၊ မနီ (၅၀)ပင်နှင့် ပျဉ်းကတိုး(၅၀)ပင်၊ ပျဉမးမ(၅၀) ပင်၊ ခရေ(၅၀)ပင် စုစုပေါင်း ပျိုးပင် (၂၇၀)အား စုပေါင်း စိုက်ပျိုးခဲ့သည်။ဟော်ဂ

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာဆရာမများ၊ ဒေသခံပြည်သူများ၊ မြို့နယ်သစ်တော ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ တက်ရောက်၍ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)