ရှင်ဗွေယန် ဇွန် ၂၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့၌ (၃၇) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ယနေ့ နံနက် ၉ နာရီအချိန်က မီးရှို့ဖျက်ဆီးရေးဘုတ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ရပ်မိ/ ရပ်ဖ များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ရှင်ဗွေယန်မြို့ နယ်မြေရဲစခန်းမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး (ဘိန်းဖြူ) ဆပ်ပြာခွက် စုစုပေါင်း (၂၁၃) ခွက်၊ စုစုပေါင်းအလေးချိန် (၂.၀၂၆၇) ကီလိုဂရမ်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ (၆၈၀၈၀၀၀ဝိ/)ကျပ်ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပြီး အခမ်းအနားသို့ မီးရှို့ဖျက်ဆီးရေးဘုတ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)