ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများခွေးရူးပြန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဇေယျာသီရိ ဇွန် ၂၇

ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးပြန်ရောဂါကာကွယ်နိုင်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျည်တောင်အုပ်စု သာယာဝှမ်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွန်ကြားရေမှူး ဒေါက်တာထွေးကိုကိုနှင့် ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်စုခိုင်တို့က ခွေးရူးပြန်ရောဂါကာကွယ်နိုင်ရေးအတွက် ခွေးရူးရောဂါကာကွယ်ရေးသိကောင်းစရာများ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများနှင့် ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများ၊ ခွေးရူးရောဂါခံစားနေရသည့် ခွေးများကိုခွဲခြားနိုင်သည့်အချက်များ၊ လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများ၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ ကာကွယ်ဆေးထိုးရမည့်အခြေအနေများ၊ ခွေးရူးရောဂါနှင့်ပတ်သတ်၍ သတိပြုလိုက်နာရမည့် အချက်များကိုဟောပြောခဲ့ပြီး ခွေးရူးရောဂါနှင့်ပတ်သတ်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)