ရန်ကုန် ဇွန် ၂၇
ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်ပခဲ့သည်။
ရှေးဦးစွာ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးအောင်မြင့်က အမျိုးသမီးထု၏ လှုပ်ရှားဆောင်ရွက်မှုများဆောင်ရွက်နိုင်ရေး မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသမီးဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက်ကြွစွာ ကူညီဆောင်ရွက်ပေးနိုင်ကြရန် ဆွေးနွေးမှာကြားသည်၊ ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နာက် တက်ရောက်လာကြသော ခရိုင်အမျိုးသမီးကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဥ်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ